မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟော‌ ပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံ၊ စာအုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟော‌ ပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံ၊ စာအုပ်ပြပွဲ ကျင်းပ






MNP ၊ အောက်တိုဘာ  ၅

  ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင် ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟု သုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့မနက် ၁၀ နာရီက မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ န (community centre)ခန်းမ၌ကျင်းပ ပြုလုပ်ရာ ကျောင်းသားကျောင်းသူများ ၊ စိတ်ဝင်စားသူလူငယ်လူရွယ်များ နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


  အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး က ဟောပြောပွဲနှင့်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေး ပြီးနောက် လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်း ထက်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ဆန်းလင်းက လူငယ်နှင့်ငြိမ်းချမ်းရေးချစ်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောရာ တက်ရောက်လာကြသည့် ကျောင်း သားကျောင်းသူ လူငယ်လူရွယ်များ က မိမိတို့၏အမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။


    ထို့နောက် နယ်မြေခံတပ်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း စီစဉ်တင်ဆက်သည့် ချယ်ရီမြေ စာစောင် ခေါင်းစဉ်ဖြင့် နံရံကပ်စာ စောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ခင်းကျင်းပြသရာ တက်ရောက်လာ သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ချော

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)