MNP ၊ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁၅:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်းက လုံခြုံရေးကိစ္စများအထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုပါကြောင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါက ပေါင်းစပ်ပြီးဆောင်ရွက်သွားစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ထွန်းဦးက သတင်းများကိုအချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်နှင့် ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးအစီအမံများဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဖြူသွယ်ထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment