အားရကျေနပ်ဖွယ်ရာ အနိုင်ရလာဒ်ကို ဖန်တီးခဲ့တဲ့ မြန်မာအသင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားရကျေနပ်ဖွယ်ရာ အနိုင်ရလာဒ်ကို ဖန်တီးခဲ့တဲ့ မြန်မာအသင်း

 


၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအဆင့် မြန်မာအသင်း နဲ့ မကာအိုအသင်းတို့ ယနေ့ညနေ (၄ ၀၀) မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

မြန်မာအသင်းဟာ အကောင်းဆုံး ပုံစံနဲ့ အသာစီး ရယူ ကစားနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပထမပိုင်း ပြီးဆုံးခါနီး (၄၃)မိနစ်မှာ လွင်မိုးအောင်က ဦးဆောင်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်လို့ (၅၅)မိနစ်အရောက်မှာ ခြေပဂိုး ပြန်ပေးလိုက်ရပါတယ်။ အနိုင်ဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းလာပြီး (၆၂)မိနစ်အရောက်မှာ မြန်မာအသင်းအတွက် အနိုင်ဂိုးကို စိုးမိုးကျော် က ထပ်မံ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မြန်မာအသင်းနည်းပြဟာ လူစားလဲမှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လူငယ်ရှေ့တန်းတွေကို လဲလှယ်အသုံးပြုခဲ့ပါတယ်။ ဝင်းနိုင်ထွန်း နဲ့ အောင်ကောင်းမာန် တို့ ဝင်ရောက်လာခဲ့ပြီး ပြိုင်ပွဲဟာ ပုံစံပြောင်းလဲသွားခဲ့ပါတယ်။ ဂိုးရယူလိုမှု ပြင်းပြနေတဲ့ မြန်မာကစားတွေဟာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အဆက်အပြတ် လုပ်ဆောင်လာခဲ့ပါတယ်။

အနိုင်ဂိုးတွေ ရရှိဖို့ ဖိကစားလာတဲ့ မြန်မာအသင်းဟာ (၈၁)မိနစ်မှာ လူစားဝင်လာတဲ့ ဝင်းနိုင်ထွန်း၊ အောင်းကောင်မာန်တို့ က အတွဲမိမိနဲ့ အနိုင်ဂိုးတစ်ဂိုး ထပ်မံ ရယူပေးခဲ့ပါတယ်။ ဝင်းနိုင်ထွန်း ဖန်တီးပေးမှုကို အောင်ကောင်းမာန်က သွင်းယူပေးခဲ့ခြင်း ဖြစ်ပါတယ်။

ပြိုင်ပွဲက ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရတာတွေကြောင့် နာကျင်အချိန်ပို (၇)မိနစ် ပေးခဲ့ပါတယ်။ (၉၁)မိနစ် အရောက်မှာ မြန်မာအသင်းအတွက် အနိုင်ဂိုး တစ်ဂိုး ဉာဏ်မိုးနိုင်က ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။ မြန်မာအသင်းဟာ ရောင့်ရဲတင်းတိမ်ခြင်း မရှိဘဲ နာကျင်အချိန်ပိုအထိ ခံစစ်အသွင်းကို မပြောင်းလဲဘဲ တိုက်စစ်ဆင် ကစားလာရာမှာ ဦးဆောင်အဖွင့် ဂိုးကို သွင်းယူပေးခဲ့တဲ့ လွင်မိုးအောင် က (၅)ဂိုးမြောက် အပိတ်ဂိုးကို (၉၄)မိနစ်မှာ ထပ်မံ သွင်းယူပေးလိုက်ပြန်ပါတယ်။

အိမ်ရှင် ပရိတ်သတ်ကို အပြည့်အဝ ကျေနပ်နှစ်သိမ့်မှု ပေးခဲ့တဲ့ မြန်မာအသင်းရဲ့ ခြေစွမ်းပိုင်းကို အကောင်းဆုံး မြင်တွေ့ခဲ့ရပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုတွေနဲ့ အပိုင်ဂိုး လွဲချော်ခဲ့ရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ဒီထက်ပိုပြီး သေသပ်အောင် ကစားမယ်ဆိုရင်ဖြင့် မြန်မာအသင်းရဲ့ ခြေစွမ်းပိုင်းဟာ အာရှကျားကြီးအဖြစ် တဖန်ပြန်လည် မြင်တွေ့လာရဖွယ် ရှိပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)