မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများရဲ့ အလယ်မှာ ရွှေနိုင်ငံ (Golden Land) အဖြစ် ထင်ရှားပါတယ်။ မြန်မာနိုင်ငံရဲ့ အလံဟာလည်း ထိပ်ဆုံးမှာ အဝါရောင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
မြန်မာအသင်းဝတ်စုံ အနီရောင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကာလကို ကြည့်ရင်လည်း အောင်မြင်မှု နည်းပါးခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
တရုတ်၊ ဗီယက်နမ်အသင်းများ အနီရောင် အိမ်ကွင်းဝတ်စုံကို ဝတ်ဆင်ခြင်းဟာ သူတို့နိုင်ငံအလံနဲ့ ထင်ဟပ်ပါတယ်။
မြန်မာအသင်းနဲ့ အနီရောင်ဝတ်စုံဆိုတာကတော့ ဟိုးအရင်က မြန်မာနိုင်ငံအလံရဲ့ အောက်ခံအရောင် အနီရောင်ကို ကိုယ်စားပြုထားခြင်း ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ပြီး ဝါ၊ စိမ်း၊ နီ အလံအပြောင်းအလဲ လုပ်ပြီးနောက်ပိုင်း မြန်မာဘောလုံးအသင်းရဲ့ အိမ်ကွင်းဝတ်စုံဟာ မူလအတိုင်းပဲ မပြောင်းလဲဘဲ အသုံးပြုနေတာ ဖြစ်ပါတယ်။
တိုင်းပြည်ကို ကိုယ်စားပြုမှုနဲ့ ပိုပြီး လိုက်ဖက်မယ့် အသင်းဝတ်စုံကိုတော့ အဝါရောင် ပြောင်းလဲသင့်ပါပြီ။
https://t.me/MyanmarNationalPost
No comments:
Post a Comment