လူမှုကွန်ရက်မှ အကြမ်းဖက်လှုံ့ဆော်သူ နီပိန်း ၈ ဦး ဖမ်းဆီးထိန်းသိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုကွန်ရက်မှ အကြမ်းဖက်လှုံ့ဆော်သူ နီပိန်း ၈ ဦး ဖမ်းဆီးထိန်းသိမ်း


MNP ၊ အောက်တိုဘာ ၄

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်လှုံ့ဆော်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ လှုံ့ဆော်မှုများကို လိုက်ပါလှုံ့ဆော် ဖြန့်ဝေသူ ၈ဦး အား ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များကို ထောက်ခံအားပေးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Htin Lin Thu” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနအနောက်ရပ်ကွက်နေ ထင်လင်းသူအား မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနေသူများဖြစ်ကြသည့် “Saw Yarzar Min” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ စောရာဇာမင်းအား မွန်းလွဲ ၁၂ နာရီခွဲ၊ “Chit Thu Paing” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ချစ်သူပိုင်အား မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်နှင့် “Aung Min Htwe” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အောင်မင်းထွေးအား မွန်းလွဲ ၁ နာရီခွဲတို့တွင်လည်းကောင်း၊ “Min Tun Myint Aung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနေ မင်းထွန်းမြတ်ကျော် (ခ) မင်းထွန်းမြတ်အောင်အား မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ “T & T Korean Outlet Clothes” Facebook Page ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၅၀) ရပ်ကွက်နေ မေမြတ်သူအား မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊ “Ye Myint Tun” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ခိုလမ်မြို့၊ အမှတ်(၁) ရပ်ကွက်နေ ရဲမြင့်ထွန်း(ခ)အာမင်းအား ညနေ ၅ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ “Aye Ni Ni Aung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာနေ အေးနီနီအောင်အား ည ၉ နာရီခွဲအချိန်တွင်လည်းကောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော ပြည်ပြေး ဝရမ်းပြေး CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း နီပိန်းများမှာ အကြမ်းဖက်လှုံ့ဆော်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)