အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ




MNP ၊ အောက်တိုဘာ ၄

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၊ ဇီဝကခန်းမနှင့် ဓာတ်ရောင်ခြည်နှင့်ကင်ဆာကုသဆောင်၌ ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူ (အရာရှိ) များ၊ သူနာပြု/ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှဆေးပညာရှင်များ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများတက်ရောက်ကြပြီး Clinicopathological Conference ၁ ခု ၊ Special Talk ၄ ခု ၊ Clinical Session နှင့် အခြား Symposium ၁၃ ခုတို့အား ဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် သူနာပြုပညာ၊ မှုခင်းဆေးပညာ၊ ဆေးပညာသင်ကြားရေး၊ ဆေးဝါးဗေဒ၊ အရိုးအထူးကုပညာ၊ ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ဓာတ်မှန်ဗေဒ၊ ပြည်သူ့ကျန်းမာရေး၊ ကလေးအထူးကုပညာ၊ စိတ်ကျန်းမာရေး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုပညာ၊ ရောဂါဗေဒ၊ ဇီဝကမ္မဗေဒနှင့် ကင်ဆာရောဂါ စသည့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၄၈ စောင်တို့အား ပါဝင်ဖတ်ကြား တင်သွင်းကြသည်။ ထို့ပြင် တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာသုတေသီတို့မှ ရှင်းလင်းဖြေကြားဆွေးနွေးကြပြီး ဒုတိယနေ့အစီအစဉ်များကို ညနေပိုင်းတွင်ရပ်နား၍ အောက်တိုဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် စုစုပေါင်း ၃၀၉ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ)နှင့် သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)