ပဲခူးမြို့၌ ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊ အောက်တိုဘာ ၄

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လျက်ရှိပြီး အလွှာအသီးသီးမှ လုပ်ငန်းမျိုးစုံ ပါဝင်နေသော ခရီးသွားလုပ်ငန်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုများတွင် MSMEလုပ်ငန်းများ အောင်မြင်ခြင်းသည် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းကဏ္ဍအတွင်းရှိ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများကို ပိုမိုအဆင့်မြှင့်တင်ခြင်း၊ တီထွင်ဆန်းသစ်ခြင်းအပြင် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် လာရောက်လည်ပတ်သူဧည့်သည်များအတွက် အတွေ့အကြုံကောင်းများစွာရရှိစေရေး၊ စိတ်ကျေနပ်စေရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

အဆိုပါသင်တန်းသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ ရေရှည်အောင်မြင်စေရေး ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲခြင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ ဒစ်ဂျစ်တယ် ဈေးကွက်မြှင့်တင်ခြင်း၊ ကုန်ကျစရိတ်လျှော့ချခြင်းနှင့်အတူ ပြည့်စုံသောစီးပွားရေးလုပ်ငန်း စီမံချက်ရေးဆွဲခြင်း၊ လိုအပ်သော ဘဏ္ဍာငွေအရင်းအမြစ်များရယူခြင်း စသည့်ဘာသာရပ်များအား သင်ကြား ပေးသွားမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကနဦးလုပ်ငန်းများအား အခြေခံကောင်းကောင်းဖြင့် စတင်တည်ထောင်နိုင်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ဖော်ဆောင်နိုင်ခြင်း၊ စွန့်ဦးတီထွင်သူများအဖြစ် ပေါ်ထွန်းလာနိုင်ခြင်း၊ မိရိုးဖလာလုပ်ငန်းအဆင့်မှ စီမံခန့်ခွဲမှုစနစ်ကျသော လုပ်ငန်းတစ်ရပ်အဖြစ် ပြောင်းလဲလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများအား လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ စမ်းသပ် သန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ကမာနတ်ကျေးရွာအတွင်း နယ်မြေ(၃)နှင့်နယ်မြေ(၄)တို့၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍အားပေးစကား ပြောကြားခဲ့သည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)