MNP ၊ အောက်တိုဘာ ၆
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀ )နာရီက အလှပ်ကျေးရွာ၊သပြေကုန်းကျေးရွာ၊ကျားဘိုကျေးရွာရှိ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင် က တောင်သူများ၏လိုအပ်သော စပ်မျိုး နေကြာကို ဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ၏လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာ သွင်းအားစုများကိုသက်သာသည့် စျေးနှုန်းဖြင့်ရောင်းချထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းစားသုံးဆီ ဖူလုံစေပြီး တောင်သူများအချိန်တိုအတွင်း အကျိုးမြတ်ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များကို စိုက်ပျိုးရာသီမတိုင်မီ ကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ကာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်ပြောကြားပြီးတောင်သူမျာ၏ နည်းပညာလိုအပ်ချက်များကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ)ကို ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် စိုက်ဧက (၃၂၂)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် စိုက်ဧက (၁၀၀၀) စိုက်ပျိုးရန် လျာထားကာ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကတောင်သူများနှင့်အတူပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment