ကျိန္တလီမြို့ (Community Centre)ခန်းမတွင် “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Community Centre)ခန်းမတွင် “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်




MNP ၊ အောက်တိုဘာ  ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နေ့လည်ပိုင်းက“နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ”စာအုပ် အခန်း(၅)၊ (၆)၊ (၇)ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ‌ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ” စာအုပ် အခန်း(၅)မှ ဆန်းသစ်တီထွင်နိုင်မှုနှင့်ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။ 


ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ”စာအုပ် အခန်း(၆)မှ ရိုးသားဖြောင့်မတ် ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်း ခေါင်းစဉ်ပါအကြောင်းအရာများအားလည်းကောင်း၊ အငယ်တန်းစာရေး(အင်အားပြ)ဦးဇော်လင်းက အခန်း(၇)မှ ထူးချွန်ပြောင်မြောက်မှုနှင့် အတတ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း”ခေါင်းစဉ်ပါအကြောင်းအရာများအားလည်းကောင်း ဖတ်ကြား ခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့သည်။


အဆိုပါ “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ”စာအုပ်နှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်း အားဖြင့် ဝန်များသည် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများကို ပိုမိုသိရှိ မှတ်သားနိုင်မည်ဖြစ်ကြောင်းသိရ သည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)