ကျိုင်းတုံမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP ၊ အောက်တိုဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်က ယနေ့သင်တန်းကို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များမှ  ထိရောက်လျင်မြန်သော တုံ့ပြန်ဆောင်ရွက်နိုင်သော ရှာဖွေကယ်ဆယ်ရေးစွမ်းဆောင်ရည်များ တိုးတက်လာစေရန်၊  နိုင်ငံတကာ၌ အသုံးပြုနေသည့်ခေတ်မီ အဆင့်မြှင့် ရှာဖွယ်ကယ်ဆယ်ရေးနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင်လှစ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများသို့ သင်တန်းသားဝတ်စုံများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသားများမှ အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့မှ သင်တန်းသား (၂၄)ဦး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၌ စိတ်ပါဝင်စားသည့် လူမှုရေးအသင်းတို့မှ သင်တန်းသား (၂၆)ဦး စုစုပေါင်း သင်တန်းသား (၅၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စိုင်းရွှေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)