MNP ၊ အောက်တိုဘာ ၁၆
မွန်ပြည်နယ် ပေါင်မြို့နယ်၌ အယ်နီညိုဖြစ်စဥ်ကြောင့်စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများ တောင်သူများသိရှိစေရန်နှင့်ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် (၁၁ )နာရီက ထန်းပင်ချောင်ကြီးကျေးရွာရှိ ရှင်ပုတ်မီးလင်းရေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်က အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများ တောင်သူများသိရှိစေရန် အမှာစကားပြောကြားပြီး၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင် က တောင်သူများ၏လိုအပ်သော စပ်မျိုး နေကြာကို ဌာနအနေဖြင့် တောင်သူများဝယ်ယူရရှိရန်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ၏လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာ သွင်းအားစုများကိုသက်သာသည့် စျေးနှုန်းဖြင့်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းစားသုံးဆီ ဖူလုံစေပြီး တောင်သူများအချိန်တိုအတွင်း အကျိုးမြတ်ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များကို စိုက်ပျိုးရာသီမတိုင်မီ ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တောင်သူများ၏ နည်းပညာလိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားသည်။
ပေါင်မြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ)ကို ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် စိုက်ဧက (၃၂၂)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် စိုက်ဧက (၁၀၀၀) စိုက်ပျိုးရန် လျာထားကာ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကတောင်သူများနှင့်အတူပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment