မာန်အောင်မြို့ဓာတ်တော်စေတီတော်ဝင်း အတွင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ဓာတ်တော်စေတီတော်ဝင်း အတွင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်






MNP ၊ အောက်တိုဘာ    ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဥ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်ရှိဓာတ်တော်စေတီတော်ဝင်း အတွင်း၌ စုပေါင်းသန့်ရှင်းရေး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြသည်။


     အဆိုပါ စုပေါင်းသန့်‌ရှင်းရေး ကောင်းမှုကုသိုလ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ဓာတ်တော်စေတီတော်ဝင်း အတွင်းရှိ ချုံနွယ် ပိတ်ပေါင်း၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများဆောင်ရွက်ကြပြီး အမှိုက်များကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်  စနစ်တကျ စွန့်ပစ်ခဲ့ကာ ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)