MNP ၊ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက်ပိုင်းက နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ အစိုးရရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးခြံဝင်း အတွင်း/ အပြင် တို့ ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ရာ၌ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ခရိုင်ပြည်သူ့ ဆေးရုံကြီးခြံဝင်း အတွင်း/အပြင်တို့၌ ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများက စက်ယန္တရားကြီးများ၊ လူအင်အားများဖြင့် ခုတ်ထွင်ရှင်းလင်းခြင်း၊ ရရှိ လာသည့်အမှိုက်များကို အမှိုက်အိတ်များထဲသို့ထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းသို့ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ရာသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠနှင့် အဖွဲ့ ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment