ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းမှ အမ်းမြို့၌့ဒုတိ ယနေ့ လေယာဉ်ကွင်းရပ်ကွက်၌ ရပ် ကွက်နေပြည်သူများသို့ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းမှ အမ်းမြို့၌့ဒုတိ ယနေ့ လေယာဉ်ကွင်းရပ်ကွက်၌ ရပ် ကွက်နေပြည်သူများသို့ရောင်းချပေး







MNP ၊ အောက်တိုဘာ  ၁၇

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်းမှ ယနေ့ နံနက် ၈ နာ ရီ အချိန်က လေယာဉ်ကွင်းရပ်ကွက်

နေပြည်သူများသို့ စားသုံးဆီများရောင်း ချပေးခဲ့သည်။


 ထိုသို့ ရခိုင်ပြည်နယ်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား မြို့နယ်စား သုံးသူရေးရာဦးစီး ဌာနမှ ကြီးကြပ်၍ ပြည်သူများသို့ရောင်း ချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်း​များက ကြည့် ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။ 


  အမ်းမြို့၌ မြို့နယ်စားသုံးသူရေးရာဦး စီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည် နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအ သင်းမှစားသုံးဆီများအား စားသုံးဆီ တစ်ပိဿာ လျှင် ၄၉၀၀ ကျပ် နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် တစ် နေ့လျှင် စားသုံးဆီ  ၅၅၀ ပိဿာအားလေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။ 


   အဆိုပါ စားသုံးဆီရောင်း ချမှုအား အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ အမှတ်(၃)ဈေးရပ် ကွက်၊လေယာဉ် ကွင်းရပ်ကွက်၊ အောက်ရွာကျေးရွာ၊ ဒိုင်ကြီးကျေးရွာတို့တွင် စားသုံးဆီ  ၂၇၅၀ ပိဿာအား ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)