MNP ၊ အောက်တိုဘာ ၁၈
မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့ဝင်များမှ အများပြည်သူလုံခြုံရေးအတွက် ယာဉ်များအား ရပ်တန့်စစ်ဆေးစဉ် ယမန်နေ့က ဖားကန့်မှ တန့်ဆည်မြို့သို့ ဦးတည်လာသည့် ယာဉ်မောင်း စိုးသီဟ(ခ) ကိုဦး မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်ငယ်အား ရပ်တန့်စစ်ဆေးရာ ကော်ပုံးအတွင်းမှ မျှစ်ချဉ်များနှင့်ရောနှောသယ်ဆောင်လာသည့် KIA ထုတ် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ၄၀ မမ ဗုံးသီး ၉ လုံး၊ KIA ထုတ် ၇.၆၂ ကျည် ၃၁၁ တောင့်၊ ၅.၅၆ ကျည် ၇၁ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းခဲယမ်းများအား တန့်ဆည်မြို့သို့ ပို့ဆောင်ရန် စေခိုင်းသဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NLD အစွန်းရောက်တို့၏ အကြမ်းဖက်လှုပ်ရှားမှု ဖြစ်စဉ်များတွင် တန့်ဆည်မြို့နယ်သည် အဆိုးဆုံးအခြေအနေအထိ ဖြစ်ပေါ်ခဲ့ပြီး NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများက KIA နှင့် ပူးပေါင်း၍ ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရဲတပ်ဖွဲ့ဝင်မိသားစုများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ အဆိုးဆုံးအခြေအနေအထိ လုပ်ဆောင်ခဲ့ကြသည်။
တန့်ဆည်မြို့နယ်အတွင်းမှ NLD အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူများသည် KIA နှင့် ပူးပေါင်း၍ သဖမ်းဆိပ်ဆည်အတွင်း ရွှေမျောများမှ ဆက်ကြေးကောက်ခံခြင်း၊ ကျွန်းလှမြို့နယ်အတွင်း ရေနံခိုးတူး၍ အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေရှာ၍ ယနေ့တိုင်အောင် လှုပ်ရှားဆောင်ရွက်နေကြဆဲ ဖြစ်သော်လည်း ထိရောက်စွာ နှိမ်နင်းခြင်း မရှိသေးပေ။
https://t.me/MyanmarNationalPost


No comments:
Post a Comment