ရွှေတောင်မြို့နယ်တွင် ဆောင်းမြေပဲ၊မတ်ပဲ၊ပဲတီစိမ်း၊ နေကြာ စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဆောင်းမြေပဲ၊မတ်ပဲ၊ပဲတီစိမ်း၊ နေကြာ စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲကျင်းပ






MNP ၊ အောက်တိုဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်းမြေပဲ၊မတ်ပဲ၊ပဲတီစိမ်း၊ နေကြာ စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊( မြို့နယ်စိုက်/ ကြပ်ကော်မတီ ဥက္ကဌ) ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် AGl.Co.LTD တာဝန်ရှိသူတို့က ရွှေတောင်မြို့နယ်အတွင်း ၂၀၃- ၂၀၂၄ခုနှစ်၊ စိုက်ပျိုးရာသီတွင် ဆောင်းမြေပဲ၊မတ်ပဲ၊ပဲတီစိမ်း၊ နေကြာ စိုက်ပျိုးမည့် တောင်သူများအားအထွက်ကောင်းမျိုးများဖြစ်သည့် ဗီယက်နမ်မြေပဲမျိုး၊ TBL-9 မတ်ပဲမျိုး၊ ဆင်းရွှေကြာ- ၂နေကြာမျိုးနှင့် ရေဆင်း- ၁၆ပဲတီစိမ်းမျိုးများစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များဖြန့်ဝေပေးမည့်အစီအစဥ်၊ စိုက်နည်းစနစ်၊ သွင်းအားစုများဖြန့်ဖြူးထောက်ပံမည့်အစီအစဥ်တို့အား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီးမြို့နယ်စိုက်/ ကြပ်ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တောင်သူကိုယ်စားလှယ်များကို သီးနှံမျိုးများဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်စိုက်/ ကြပ်ကော်မတီ ဥက္ကဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ AGl.Co.LTD တာဝန်ခံနှင့် ဒေသခံတောင်သူကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)