တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂ဝ၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂ဝ၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်






MNP ၊ အောက်တိုဘာ  ၅

တနင်္သာရီတိုင်းဒေသကြီး ၂ဝ၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ ထားဝယ်မြို့နယ် ရမ္မဇူဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများက ပြည့်စုံလှစွာ ဆရာ့ မေတ္တာသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ မြတ်ဆရာ သီချင်းဖြင့် လည်းကောင်းဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းမအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သည့် စုပေါင်း သဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဦးဝင်းနောင်က ဖတ်ကြားခဲ့သည်။


ထို့နောက် အပူဇော်ခံဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးက မေတ္တာစကားချီးမြှင့်ပြီး အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူများက “ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ" သီချင်း ဖြင့် သီဆိုတင်ဆက်ဖျော်ဖြေသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ထူးချွန်ဆရာဆု၊  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူ များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ ကျောင်းသား/သူများက “ မြတ်ဆရာ ”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။


ဆက်လက်၍ တာဝန်ရှိသူများက မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်တင်ပြကြပြီး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်းများပေးအပ်ကာဆရာကြီး၊ ဆရာမကြီး များက ဆုံးမသြဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)