ရသေ့တောင်မြို့၌ လခြမ်းရွှေမြေအဖွဲမှ ကျား/မအ‌ခြေပြုအသိပညာပေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ လခြမ်းရွှေမြေအဖွဲမှ ကျား/မအ‌ခြေပြုအသိပညာပေးသင်တန်းဖွင့်လှစ်






MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ လခြမ်း‌ရွှေမြေအဖွဲ့မှ ဖွင့်လှစ်‌ သောကျား/မအခြေပြုအသိပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ရသေ့တောင်မြို့၊စေတီတောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။ 


 ကျား/မအ‌ခြေပြုအသိပညာပေးသင်တန်းတွင်လခြမ်းရွှေမြေအဖွဲ့မှနည်းပြဆရာမ(၂)ဦးက ကြားပို့ချ‌ ပေးသွားမည်ဖြစ်ပြီး ကျား/မခွဲခြားဆက်ဆံမှုမရှိဘဲလူမှုသဟဇာတဖြစ်နိုင်ရန်လူမှုပတ်ဝန်းကျင်တွင်လူတစ်ဦးနှင့်တစ်ဦး၊ ကျား၊ မ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ လူမျိုး၊ ဘာသာ အသိပညာ၊ ဗဟုသုတများကိုသင်ကြားပို့ချသွားမည်ဖြစ်ပြီသင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှရရှိ သော အသိပညာ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာဒေသတွင် ကိုယ်တိုင် လက်တွေ့ကျင့်သုံးသလို ထပ်ဆင့် အသိပညာပေးကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ပိုမိုမြှင့်တင်ဖော်ဆောင်နိုင်သူများ ဖြစ်ရန်ရည်ရွယ်ဖွင့်ခဲ့ခြင်းဖြစ်သည်။


    အဆိုပါသင်တင်းကိုအမျိုးသမီးရေးအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးအဖွဲ့ဝင်းများ‌ ကျောင်းသားလူငယ်များစုစုပေါင်း (၄၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ(၁၈)ရက်နေ့မှ(၂၀)ရက်နေ့အထိ သုံးရက်တာ ကြာမြင့်မည်ဖြစ်ကြောင်းသိရှိရသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)