ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်











MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ 



အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးရဲလင်းမောင် က ကျောက်ဖြူမြို့နယ် အတွင်း မလိုလားအပ်သည့်ပြသနာများ မဖြစ်ပွားစေရန်အတွက် နိုင်ငံခြားသား ဝင်/ထွက်မှုစာရင်းအား သက်ဆိုင်ရာဌာနများမှ စနစ်တကျပူးပေါင်းစစ်ဆေးသွားကြရန်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ တိုင်းထွာချက်များအရတွေ့ရှိရသဖြင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားကြရန်၊ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့ရုံးခြံဝန်း အတွင်း/အပြင်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရုံးခြံစည်းရိုးများဆေးသုတ်ခြင်း၊ ဟောင်းနွမ်းနေသည့် နိုင်ငံတော်အလံအား အသစ်လှဲလှယ်တပ်ဆင် ခြင်း၊ မီးဘေးလုံခြုံရေးစနစ်တကျ ဆောင်ရွက်ထားကြရန်၊ သီတင်းကျွတ်နှင့် တန်ဆောင်တိုင်များတွင် အများပြည်သူများအနှောင့်အယှက်ဖြစ်စေမည့် မီးရှုး၊ မီးပန်း၊ ဗျောက်အိုးများနှင့် အသံချဲ့စက်ဆူညံစွာ ဖွင့်လှစ်ခြင်းမရှိစေရေး သက်ဆိုင်ရာဌာနများမှ ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့်  အပတ်စဉ်ပုံမှန် ဆောင်ရွက်နေသည့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ကြသည့်အခါတွင်လည်း ပျက်ကွက်မှုမရှိစေရေး ဌာနအကြီးအကဲများမှ ကြပ်မတ်ဆောင်ရွက်ပေးကြရန်  ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၀/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၃)တွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာ များနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှု များကို တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)