ပွင့်ဖြူမြို့နယ်၌ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ်ပို့ချ


MNP ၊ အောက်တိုဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းက သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ သင်တန်းကို ဖွင့်လှစ်ကျင်းပရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းမှ ကော်မတီဝင်များနှင့် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များကို ခေါင်းဆောင်မှုနှင့်ပက်သက်သည့် ခေါင်းဆောင်မှု အမျိုးအစားများ၊ ကျင့်ဝတ်နှင့် လုပ်ငန်းတာဝန်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်များ၊ ခေါင်းဆောင်မှုအခြေခံ(၄)ချက်၊ စည်းလုံးညီညွတ်ခြင်း၏ အကျိုးရလာဘ်နှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်အမူအကျင့်များ၊ ဖွံ့ဖြိုးလိုစိတ်ထားရှိရမည့် စိတ်နေစိတ်ထားများ၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား တန်ဘိုးထားခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၊ နည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ စသည့် ခေါင်းဆောင်ကောင်းများ လုပ်ဆောင်ရမည့် လုပ်ငန်းများကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးခဲ့ကြသည်။


အဆိုပါ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ဖော်ဆောင်နေသည့် စံပြကျေးရွာမှ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရကာ ယင်းသင်တန်းအား နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ 


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)