စလင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် တောင်သူများအားငွေကျပ်(၆၆၇၁၀၀၀၀၀)သိန်း ထုတ်ချေးပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် တောင်သူများအားငွေကျပ်(၆၆၇၁၀၀၀၀၀)သိန်း ထုတ်ချေးပေးပြီးဖြစ်



MNP ၊ အောက်တိုဘာ  ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို  ၂၀၂၃ခုနှစ် မေလ(၁၉)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ  စက်တင်ဘာနောက်ဆုံးပတ်၌ ငွေကျပ်(၆၆၇၁၀၀၀၀၀)ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


​မိုးရာသီစိုက်ပျိုးစရိတ်များကို ထုတ်ချေးပေးရာတွင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)နှင့် ကျေးရွာအုပ်စု(၉၁)အုပ်စုမှ တောင်သူ(၁၀၄၃၈)ဦးတို့၏ မိုးရာသီစပါးစိုက်ပျိုးဧကပေါင်း(၃၁၇၃၈)ဧက၊ ပဲတီစိမ်း(၁၁၃၁၈)ဧက၊ နှမ်း(၅၈၆၀)ဧက၊ မြေပဲ(၂၀၃)ဧက၊ ချည်မျှင်ရှည်ဝါ(၁၆၈၃)ဧက၊ စုစုပေါင်းစိုက်ပျိုးဧက(၅၀၈၀၂)ဧကအတွက် စုစုပေါင်းငွေကျပ်သိန်း(၆၆၇၁၀၀၀၀၀)ကို ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)