MNP ၊ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့(၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံးကိုးမြို့ နယ်မြေသာယာရေး စခန်းမှူး ဦးသောင်းထွန်း ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီက တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအား ရည်စူးအလှူအတန်း ပြုလုပ်ပြီး ရဲစခန်းအန္တရာယ်ကင်း ပရိတ်တရားနာယူခြင်း၊ သံဃာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများကပ်လှူခြင်း ပြုလုပ်ခဲ့ပါသည်။
အဆိုပါပွဲကို မုံးကို့မြို့ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ် တပ်မမှူးနှင့်တပ်မတော်သားများ၊ မုံးကိုးအုပ်ချုပ်ရေးမှူး ဦးလျှံရှင်းမုံနှင့် ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့လဝကဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့နှင့် ဒေသခံပြည်သူများ၊ မုံးကိုး/မုံးပေါ်/ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး စစ်ဘေးရှောင်မိသားစုများနှင့်တကွ အာဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment