အောက်တိုဘာ ပထမပတ်အတွင်း အကြမ်းဖက်သမား ၂၀ ကျော် ဖမ်ဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်တိုဘာ ပထမပတ်အတွင်း အကြမ်းဖက်သမား ၂၀ ကျော် ဖမ်ဆီးရမိ


MNP ၊ အောက်တိုဘာ ၁၀

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အပါအဝင် အကြမ်းဖက်သမားများမှာ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ပထမပတ် (၂-၁၀-၂၀၂၃)မှ (၈-၁၀-၂၀၂၃) ရက်နေ့အထိ အသေဖမ်းဆီးရမိ အကြမ်းဖက်သမား (၁၇)ဦး နှင့် အရှင်ဖမ်းမိ (၆)ဦး အထိ ရှိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါလုပ်ဆောင်လိုခြင်းမရှိတော့သည့် PDF အကြမ်းဖက်အဖွဲ့ဝင် ၁၄ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာရာ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ဆုငွေများ ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ အကြမ်းဖက်သမားများထံမှ လက်နက်ငယ် ၅၆လက်၊ လက်နက်ကြီး ၁၉လက်၊ ကျည်မျိုးစုံ ၇၂၅တောင့်၊ ဗုံးသီး ၁၄၃လုံး၊ မိုင်း ၂၉လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

စက်တင်ဘာလအတွင်း က အကြမ်းဖက်နှိမ်နင်းရေး အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး PDF အကြမ်းဖက်သမား ၃၀၀ ကျော်အထိ ဖမ်းဆီးရမိခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)