နောင်ချိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး၊ ရေလျှံမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး၊ ရေလျှံမှုဖြစ်ပွား




MNP ၊ အောက်တိုဘာ   ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ၈ရက်နေ့ နံနက် ၄နာရီအချိန်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့်  မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရေကြီး၊ ရေလျှံမှုဖြစ်ပွားကာ ယာဉ်ကြီး/ယာဉ်ငယ်များ  ဖြတ်သန်းသွားလာမရကြောင်း သိရသည်။


အဆိုပါ ကားလမ်းရေကျော်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ O.H.C တိုးဂိတ်မှ တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နောင်ချိုမြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) ဦးဆောင်၍ အငယ်တန်း အင်ဂျင်နီယာ-(၂)(မြို့ပြ)အပါအဝင် လမ်းလုပ်သား(၁၅)ဦး၊ Loader(၁)စီးတို့ဖြင့် ယာဉ်များ သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နံနက် ၁၁နာရီအချိန်ခန့်တွင် (၁၂)ဘီးနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး နေ့လယ်၁၂နာရီခွဲအချိန်တွင် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး  တောင်ကျရေများ စီးဆင်းမှုကြောင့်  Oriental Highway Co.Ltdမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်(၇၀/၀-၁)ကြား ကတ္တရာလမ်းမပေါ်တွင် အလျား(၅၀)ပေခန့်၊ ရေထုအမြင့်(၄)ပေခန့်၊ မိုင်(၇၀/၂-၃)ကြား ကတ္တရာလမ်းမပေါ်တွင် အလျား(၂၀၀)ပေခန့်၊ ရေထုအမြင့်(၄)ပေခန့် ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)