မိုင်းစံမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်းပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းစံမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်းပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ



MNP ၊ အောက်တိုဘာ   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးလက်ကမ်းစာစောင်ကို အောက်တိုဘာ၇ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ လူစည်ကားရာ စျေး၊ ဆိုင်ခန်းများ၌ ဖြန့်ဝေခဲ့သည်။


လက်ကမ်းစာစောင်တွင် လူသတ်မှု၊ မုဒိန်းမှု၊ လောင်းကစားမှု၊ onlineလိမ်လည်မှုများ၊ အကြမ်းဖက်မှုပပျောက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်တိုက်ဖျက်စို့၊ ခိုးမှု၊ လုယက်မှုများမှ ကာကွယ်နိုင်ရန်၊ သတင်းပေးရန် အကူအညီလိုအပ်ပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များစသည့် အချက်များပါရှိပြီး အဆိုပါလက်ကမ်းစာစောင်များကို မြို့ရဲတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက အစောင်ရေ(၁၀၀) ဖြန့်ဝေခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)