ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မုဒုံမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မုဒုံမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ



MNP ၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအဖွဲ့ဝင်များနှင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံဦးကိုကိုလွင် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည်။


ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က လက်ရှိဆောင်ရွက်နေသည့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များအကြောင်း၊ ပါတီရုံးများ စနစ်တကျဖွင့်လှစ်ရေး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်ခိုင်ချိုချိုထက်က မြို့နယ်အတွင်း ပါတီဝင်စာရင်းများ မြေပြင်တွင် အမှန်တကယ် ရှိ/မရှိစစ်ဆေးခြင်းနှင့်တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်လဝကမှူး ဦးနေလင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြည်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)