MNP ၊ အောက်တိုဘာ ၂၆
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း မြေယာမြေပြုပြင်ခြင်းနှင့် နေကြာမျိုးစေ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ခြင်းကိုယနေ့နံနက် (၁၀း၃၀)နာရီက ကျွဲခြံကျေးရွာအုပ်စု၊တောင်သူဦးကျော်မြင့် ၏လယ်ယာမြေတွင် ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင် က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းဆန်၊စပါးသည်လုံလောက်မှုရှိသည့်အတွက် ဒေသတွင်း ဆီဖူလုံမှုရှိစေရန် ပြည်ပမှဝယ်ယူမှုလျော့နည်းစေရန်အတွက် ဆီထွက်သီးနှံဖြစ်သည့် နေကြာအပြင် မြေပဲ၊နှမ်းနှင့်ပဲအမျိုးမျိုးတို့ကိုလည်းစိုက်ပျိုးကြဖို့လိုအပ်ပါကြောင်း၊ နေကြာစိုက်ပျိုးရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ နေကြာတစ်ဧကလျှင် ငွေကျပ် (၁)သိန်းကျပ်နှုန်းဖြင့်ထုတ် ချေးပေးသွားမည်ဖြစ်ပါကြောင်း ၊ ပြည်တွင်းစားသုံးဆီ ဖူလုံရန်အတွက် ဒုတိယသီးနှံအဖြစ်စိုက်ပျိုးကြမှသာ ပြည်နယ်အတွင်းသာမက တစ်နိုင်ငံလုံး စားသုံးဆီဖူလုံသွားမည်ဖြစ်ကြောင်း၊လိုအပ်သောနည်းပညာများကို လည်း စိုက်ပျိုးရေးဦးစီးဌာနမှာ အချိန်မရွေးမေးမြန်းနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်ပြည်နယ်ဝန်ကြီးများက တောင်သူများထံသို့နေကြာမျိုးစေ့ပေးအပ်ခဲ့ပြီး မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှု့ခဲ့ရာ( ၀.၀၀၁ )ဧက စံကွက်ကို တစ်ဧကပျမ်းမျှအထွက်နှုန်း အစိုတင်း (၉၅)တင်း၊အခြောက်တင်း (၈၆.၄၅)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment