MNP ၊ အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမီတက်၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ (၁-၁၀-၂၀၂၁)မှ (၃၁-၃-၂၀၂၂)ထိ နှစ်ဝက်ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ရွှေစင်ငွေစင်ခန်းမ၌ ကျင်းခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌက အဖွင့်အမှာစကားပြောကြားရာမှာ သရက်ခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမတက်ကို ၁၉၉၃ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက် အသင်း၏သက်တမ်းဟာ (၁၀)နှစ်ထိ ရောက်ရှိလာပြီဖြစ်ပါတယ် နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ဖို့ မူတစ်ရပ်ချမှတ်တဲ့အတွက် ယခုလို ဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းကြီးများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အသင်းအနေဖြင့် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို (၁)နှစ်တကြိမ် ပုံမှန်ကျင်းပပြုလုပ်ခဲ့တာကိုလဲ တွေ့ခဲ့ရပါတယ်၊ ဒီဘက်နှစ်မှာတော့ ကပ်ရောဂါဆိုင်ရာအခြေအနေနဲ့ ဘတ်ဂျက်နှစ်ပြင်ဆင်သတ်မှတ်မှုတို့ကြောင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၁-၁၀-၂၀၂၁မှ ၃၁-၃-၂၀၂၂ထိနှစ်ဝက်ဘဏ္ဍာရေးနှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တို့ရဲ့ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကပ်ရောဂါဆိုင်ရာ ရှောင်ရန် ဆောင်ရန်အချက်များနဲ့အညီ ယနေ့ကျင်းပနိုင်ခြင်းဖြစ်ပါလို့ ပြောကြားပေးခဲ့သည်။
ထို့နောက် ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲ၌ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ချီးမြှင့်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် တာဝန်ရှိသူအသီးသီးက (၅)ဘာသာဂုဏ်ထူး၊ တစ်ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြသည်။ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment