ရမည်းသင်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ




MNP ၊ အောက်တိုဘာ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စီဗွီလိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ"ကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။             


အဆိုပါဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသား/ကျောင်းသူလူငယ်များကို ယဥ်‌ကျေးလိမ္မာ အသိပညာဗဟုသုတများသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်‌ကြောင်း ပြောကြားကာ ဒုတိယဦးစီးမှူး‌ဒေါ်ဝင်းဝင်း‌အေးက ဖုန်းအသုံးပြုခြင်း၊ ဂိမ်းကစားခြင်းနှင့် ပတ်သက်သည့် ကောင်းကျိုး၊ ဆိုးကျိုးများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား ဗဟုသုတဉာဏ်စွမ်းမေးခွန်းများမေးမြန်း၍ ဆုလက်ဆောင်များချီးမြှင့်ခဲ့သည်။


ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ၊  အသိပညာပေးနံရံကပ် စာစောင်များ၊ ဓါတ်ပုံများကိုပြသခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့သည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)