ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲဆောင်ရွက်




MNP ၊ အောက်တိုဘာ   ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ပြိုင်ပွဲများပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ပြိုင်ပွဲတွင် အ.ထ.က ကလိန်အောင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက    လီခစ်နှင့် စာပေယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည် "စကားပြောချိုသောကြက်တူရွေး"ဆိုတဲ့ ရုပ်ပုံပြပုံပြင်‌လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်း သား/သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ခင်ခင်လဲ့

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)