မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၃) လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၃) လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ အောက်တိုဘာ   ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၃)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ဝန်ထမ်းများအနေဖြင့် အမှတ်(၁) ကုတင်(၃၀၀)ဆံ့ တပ်မတော် စစ်ဆေးရုံ တွင် အခမဲ့ကုသနိုင်ကြောင်း၊ (၇၆)နှစ်မြောက် ကချင်ပြည်နယ် နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်မဂ္ဂဇင်းတွင် ဖော်ပြရန်အတွက် စာမူကြမ်းများ ပေးပို့နိုင်ကြရန်၊ (၁၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ပူပေါင်းပါဝင် လှူဒါန်းသွားကြရန်၊ သီတင်းကျွတ်လပြည့် ညတွင် ဆီမီးတစ်သောင်း မီးထွန်းပူဇော်ကြမည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် အတွက် ဌာနဆိုင်ရာ များအနေဖြင့် နှစ်ရှည်အရိပ်ရပျိုးပင် များ ပျိုးထောင်ပြီး ပျိုးပင်များစားရင်းပေးပို့ကြရန် စသည်တို့ကို ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေများကို သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများက အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)