MNP- အောက်တိုဘာ ၄
လီဗာပူးလ်အသင်းနည်းပြ ယာဂင် ကလော့ပ်က ပြီးခဲ့တဲ့စနေနေ့က တော်တင်ဟမ်ဟော့စပါးအသင်းနင့် ပွဲစဉ်မှာ ကွင်းလယ်ဒိုင်နဲ့VARဒိုင်တို့ရဲ့ပေါ့ဆမှုကြောင့် အငြင်းပွားဖွယ် ဆုံးဖြတ်တွေနဲ့ပတ်သက်ပြီး ပွဲကို ပြန်ကန်ပေးဖို့ တောင်းဆိုးခဲ့သည်။
ယာဂင် ကလော့ပ်က "တော့တင်ဟမ်ဟော့စပါးအသင်းနှင့် လီဗာပူးလ်ကို ပြန်လည်ကစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
“ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ အရင်ကလည်း မဖြစ်ဖူးဘူးထင်ပါတယ်"ဟု ထပ်လောင်း ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းက ဦးဆောင်ဂိုးအရင် ရရှိခဲ့ပေပြီး VARကြည့်ကာ လူကျွံဘောအဖြစ်ပယ်ဖျက်ခဲ့ပေမယ့် အမှန်တကယ် လူမကျွံခဲ့တာကြောင့် PGMOL(ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်)မှ စာထုတ်ကာ လီဗာပူးလ်အသင်းကို ပြန်လည်တောင်းခဲ့သည်။
ဒါ့အပြင် ကွင်းလယ်ဒိုင်ရဲ့ ပေါဆမှုကြောင့် လီဗာပူးလ်အသင်းဘက်က ရရှိသင့်တဲ့ ပြစ်ဒဏ်ဘောနဲ့ ဂိုးလွန်ဘောတွေကိုလည်း လျစ်လျူရှုခြင်းခံခဲ့ရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment