ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဂရင်းတန်-၁ အစေ့ထုတ်ပြောင်းနှင့် ရာသီထပ်နေကြာ သီးညှပ်စိုက်ပျိုးထားမှု စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဂရင်းတန်-၁ အစေ့ထုတ်ပြောင်းနှင့် ရာသီထပ်နေကြာ သီးညှပ်စိုက်ပျိုးထားမှု စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲ ကျင်းပ


MNP ၊ အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ထိုင်းနိုင်ငံထုတ် ဂရင်းတန်-၁(Green Teng-1)အစေ့ထုတ်ပြောင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနနှင့် မင်းမဟော်ကုမ္ပဏီတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် လွိုင်လင်ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်းမဟော်ကုမ္ပဏီမှ မျိုးစေ့ပညာရှင် ဦးစိုးမင်းမင်းက ဂရင်းတန်-၁(Green Teng-1)အစေ့ထုတ်ပြောင်း၏ အားသာချက်/အားနည်းချက်နှင့် အောင်မြင်ဖြစ်ထွန်းမှု၊ အထွက်နှုန်းကောင်းမှုများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ မင်းမဟော်ကုမ္ပဏီမှ တိုင်းမန်နေဂျာဦးအောင်ဇော်ဖြိုးမှ မင်းမဟော်ကုမ္ပဏီမှ တင်သွင်းသော မှိုသတ်ဆေးနှင့် မြေသြဇာအကြောင်း၊ အပင်ကြီးထွားအရွက်ဖြန်း အားဆေးများ စနစ်တကျ အသုံးပြုခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။


ထို့နောက် ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် စိုက်ပျိုးထားရှိသော ထိုင်းနိုင်ထုတ် ဂရင်းတန်-၁ (Green Teng-1)အစေ့ထုတ်ပြောင်းနှင့် ရာသီထပ် နေကြာသီးညှပ်စိုက်ပျိုးထားမှုစံပြစိုက်ခင်းအား ပင်လုံမြို့စိုက်ပျိုးရေးဦးစီးမှူးဦးကျော်စိုးမိုးမှ ဦးဆောင်၍ ကွင်းဆင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာအုပ်စု (၇)အုပ်စုမှ တောင်သူ(၈၀)ဦးတို့မှ ကွင်းဆင်းကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)