ကံမမြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့ စမ်းသပ် စစ်ဆေးကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့ စမ်းသပ် စစ်ဆေးကုသပေး







MNP ၊ အောက်တိုဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၆၀)နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းများကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ် စစ်ဆေး  ကုသပေးခဲ့သည်။


ထိုသို့ စစ်ဆေးကုသူရာတွင် အငြိမ်းစားဝန်ထမ်းများအား စာရင်းပေးသွင်းပြီး၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို သွေးချို စစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်း၊ အမြင်အာရုံများ စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေး၍ လိုအပ်သည့် ကုသမှုများအား မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အပါတ်စဉ် ဗုဒ္ဇဟူးနေ့တိုင်း စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 


ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)