မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ ယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ ယှဉ်ပြိုင်

 


MNP ၊ အောက်တိုဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို   စခန်းကြီး အ.ထ.ကနှင့် ငုအိုင် အ.ထ.က (ခွဲ)တို့က ယမန်နေ့နေ့လည် (၂) နာရီအချိန်က မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။


အဆိုပါ အကြိုဗိုလ်လုပွဲစဉ်တွင် စခန်းကြီး အ.ထ.က က ငုအိုင်အ.ထ.က(ခွဲ) ကို   ၂ ဂိုး၊  ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားကြောင်း သိရသည်။ အလားတူ ငါးမြင်းချောင်း အ.ထ.က နှင့် အ.ထ.က (၂) ရေတွင်းရေကန် တို့ ယှဉ်ပြိုင်ကစားကြရာ ငါးမြင်းချောင်း အ. ထ. က က နှစ်ဂိုး-တစ်ဂိုး​ဖြင့် အနိုင်ရခဲ့ရာ  စခန်းကြီး အ.ထ.က နှင့် ဗိုလ်လုပွဲတွင် တွေ့ဆုံ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ‌ ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းများမှ အသင်း (၂၂) သင်းတို့က ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)