လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ


MNP ၊ အောက်တိုဘာ  ၆

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အင်းတော်မြို့နယ်ရုံးတို့ ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရေး၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံလာစေရေး၊ ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ၊ အလေ့အကျင်းကောင်းများ ရရှိလာနိုင်စေရေးအတွက် လူငယ်စကားဝိုင်းများ၊ လူငယ်အသိပညာပေး ဟောပြောပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် ယခုအသိပညာပေးဟောပြောပွဲမှ ရရှိသည့် အသိပညာဗဟုသုတများကို မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိရှိ ကြံဆ အသုံးပြုတတ်စေရန် လိုအပ်ပါကြောင်း၊ ယခုလို အသိပညာပေး ဟောပြောပွဲများကိုလည်း မိမိတို့အနေဖြင့် ဆက်လက်ကျင်းပ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောပြခဲ့သည်။


အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက လူငယ်နှင့် အားကစား အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော Youth Camp မှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ကိုမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံးမှ လူငယ်အသိပညာပေး စာအုပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။


ကျော်သီဟ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)