နတ်မောက်မြို့နယ် တောင်ဉီး(မ)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ် ဆောက်လုပ်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် တောင်ဉီး(မ)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ် ဆောက်လုပ်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီး


MNP ၊ အောက်တိုဘာ  ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တောင်ဉီး(မ)ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှ (၁၂၀×၃၀)Steel-Structure တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။


အဆိုပါ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၁၃၀ ဒဿမ ၅၃၀ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သော စိန်ရတနာဖြိုးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်လျက်ရှိပြီး  ကျေးရွာအရည်အသွေးစစ်ဆေးရေးကော်မတီ၊ ကျေးရွာကျောင်း အကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများတို့၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် တောင်ဉီး(မ)ကျေးရွာ  အခြေခံပညာအလယ်တန်းကျောင်း (၁၂၀×၃၀) Stee-Structure(၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


လှဝင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)