အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် စီမံခန့်ခွဲရေးဆိုင်ရာ စံသတ် မှတ်ချက်လုပ်ငန်းစနစ်များ(SOP)စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် စီမံခန့်ခွဲရေးဆိုင်ရာ စံသတ် မှတ်ချက်လုပ်ငန်းစနစ်များ(SOP)စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်





MNP ၊ အောက်တိုဘာ  ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Comm unity Centre )ခန်းမတွင် ယနေ့ နေ့လယ်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ရုံးလုပ်ငန်းများလျင်မြန်ဆောင်ရွက် နိုင်ရန်အတွက် သတ်မှတ် ထားသည့်  လုပ်ငန်းစနစ်များ Stansard Operating Procedure(SOP)စာအုပ်ဖြင့်  ဝန်ထမ်းများက စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့ပါသည်။


ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်  လုပ်ငန်းစနစ်များ(SOP)စာအုပ်တွင်ပါရှိ သည့် စီမံခန့်ခွဲရေးဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းစနစ်များကို ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဝန်းထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှသာ ရုံးလုပ်ငန်းများအချိန်မှီပြီးစီးပြီး ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ 


ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းတို့က စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ စာစု/စာပြု လုပ်ငန်းများ၊ မှတ်ပုံတင်ခြင်းလုပ်ငန်း၊ စာငှားလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်များကြောင့် စာအုပ် များပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် စာအုပ်များပျက်စီး ပျောက်ဆုံးမှုမရှိစေရန်အထူးဂရုပြု၍ လိုက်နာရမည့်အကြောင်းကို ဖတ်ကြားဆွေး နွေးခဲ့သည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုးမင်းထွန်းမှ မှတ်တမ်းဓာတ်ပုံပေးပို့ရာတွင် လိုက် နာရမည့် အခြေခံမှုများနှင့်ပါတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ နှင့် ဝန်ထမ်းများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)