မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကလေးအလုပ်သမားပပျောက် ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကလေးအလုပ်သမားပပျောက် ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲဆောင်ရွက်ခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာ က နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲ ကြည့်ရှုလာသူ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ် သမားများ တိုက်ဖျက်ပေးရန် အလုပ်ရှင်အဖွဲ့အစည်းများ၏ အကြောင်းပြချက်များ၊ မြန်မာနိုင်ငံ တွင် ပြဌာန်းထားသည့် ကလေးအလုပ်သမားပပျောက်ရေး ဥပဒေစည်းမျဉ်း၊ စည်းကမ်းချက်များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ ၊  ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေခံ စားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ကာကွယ်ပေးရမည့် ဥပဒေ များရှိကြောင်း၊ အသက်မပြည့်သည့် ကလေးသူငယ်များအား အတင်းခိုင်းစေသည့် ကလေးလုပ် သားပုံရိပ်များ  စသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်း ရာအသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။         

                         

မြင့်စိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)