MNP ၊ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဘုရားကြီးကုန်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ " လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း " အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်က သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ပြောကြားပေးသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၂၃ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment