MNP ၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပင်စင်စားဆရာကြီး/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရွှေဘိုတက္ကသိုလ် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ခံ ဆရာကြီး ဆရာမကြီးများကိုယ်စား ဦးမြအေး (မြန်မာစာပါမောက္ခ(ငြိမ်း)က ဆုံးမဩဝါဒစကား ချီးမြှင့်ခဲ့ပြီးနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာ တင်တင်ရီနှင့် ဆရာ/ဆရာမများက ဂါရ၀လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ "ဆရာတို့၏ ဂုဏ်ရည်" ခေါင်းစဥ်ဖြင် ပထမဆုရရှိခဲ့သည့် မလဲ့ရည်ဦး (၂မဟာ မ-၈)နှင့် ကဗျာပြိုင်ပွဲ "မြတ်နိုးဂုဏ်အင် ဆရာသခင်)ခေါင်းစဥ်ဖြင့် ပထမဆုရရှိခဲ့သည့် မောင်ရန်နိုင်စိုး (၂မဟာ မ-၅)၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ရွှေဘိုတက္ကသိုလ် ဝန်ထမ်းမိသားစု၊ စီမံရေးရာဌာနစုမှူး၏ သမီး မဟန်သာသာထွန်းတို့အား ပါမောက္ခချုပ်ဆရာမကြီးနှင့် ဒုပါမောက္ခချုပ် ဆရာမကြီးတို့က ဆုများ ချီးမြှင့်ပေးခဲ့ပြီး တက်ရောက်လာသူများအား အဟာရ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment