MNP ၊ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းမှ သူနာပြုအရေအတွက် (၁၀၀၂)ဦး မွေးထုတ်ပေးထားပြီးဖြစ်ပါ ကြောင်း၊ သူနာပြုမောင်မယ်များအနေဖြင့် လုပ်ငန်းခွင်တွင် လူနာများအားပြုစုရာတွင် စေတနာ အပြည့်ဖြင့် နွေးထွေးကြင်နာစွာ ဆင်းရဲချမ်းသာမရွေးပဲ စောင့်ရှောက်ကြစေလိုကြောင်း၊ မျိုးဆက် သစ်သူနာပြုမောင်မယ်များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းနှင့် မည်သည့်အခက်အခဲကြုံကြုံလူနာ များကို မပြစ်ပယ်ပဲစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ကုသရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာ နေလင်းက သစ်လွင်သူနာပြု တာဝန်ပေးအပ်ခြင်းခံရသည့် သူနာပြုများအား အမှာစကားပြောကြားခြင်း၊ သူနာပြုများအား ဌာနဆိုင်ရာ အမိန့်စာများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ သူနာပြုများကိုယ်စား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းဓာတ်ပုံများရိုက်ကူးခြင်း၊ စုပေါင်းကန်တော့ ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေလင်း၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီ ဒေါ်ဝေဝေလွင်နှင့် ဆရာမများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သစ်လွင် သူနာပြု တာဝန်ပေးအပ်ခြင်းခံရသည့် သူနာပြုများ၊ သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဟင်္သာတမြို့ သူနာပြုမောင်/မယ် (၆၃)ဦးတို့အား သစ်လွင်သူနာပြုများ တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment