MNP ၊ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် သီတင်းကျွတ်ကာလအတွင်း ထင်းရှူးဆီများ ရောင်းအားမြင့်လျက်ရှိကြောင်း သိရသည်။
ထင်းရှူးဆီသည် သီတင်းကျွတ်ကာလအတွင်း အဖိတ်နေ့နှင့် လပြည့်နေ့၌ ရှမ်းရိုးရာဓလေ့အစဉ် အလာအတိုင်း ဘုန်းကြီးများရှိ ဘုရားစေတီပုထိုးများ၊ အိမ်အပြင်များတွင် ရိုးရာဝါးနှီးဖြှင့်ပြုလုပ် ထားသော သင်ပုတ်စဉ်များတွင် သစ်သီးဝလံများ၊ ပန်းများ၊ တံခွန်ကုက္ကားများ ၊ငှက်ပျောပင်၊ ကြံပင် ရာဇမတ်ကာရံပြီး ဆီမီးအမွှေးနံ့သာများနှင့်အတူ ထင်းရှူးဆီအား မီးထွန်းညှိပြီး ဘုရားမီးပူဇော်ရာတွင်လည်းကောင်း၊ အချင်း(၁)ပေသို့မဟုတ် (၂)ပေအမြင့် (၁၅) ပေထင်းရှူးဆီ အစီးအကြီးအား ဘုန်းကြီးကျောင်းတစ်ကျောင်းလျှင် အနည်းဆုံးတစ်စီးသို့မဟုတ် နှစ်စီးလှူဒါန်းပြီး အဖိတ်နေ့တွင် တစ်စီး၊ လပြည့်နေ့တွင် တစ်စီး ထွန်းညှိပူဇော်ရာတွင်လည်းကောင်း၊ အချင်း(၄)လက်မပတ်လည် ထင်ရှူးဆီ အစီးအသေးများကို ဘုရားပုရဝဏ်နှင့် ရပ်ကွက်အတွင်း လမ်းဘေးတစ်လျှောက်တွင် ဆီမီးများနှင့်အတူ ထွန်းညှိပူဇော်ရာတွင်လည်းကောင်း အသုံးပြုနိုင်ရန်အတွက် ရောင်းချခြင်းဖြစ်သည်။ အဆိုပါထင်းရှူးဆီသည် တန့်ယန်းမြို့မှ မှာယူရောင်းချခြင်းဖြစ်ပြီး ၁ ပိဿာပါ တစ်စီးလျှင် ငွေကျပ်(၅၀၀၀)နှင့် ၄ ပိဿာပါ တစ်စီးလျှင် ငွေကျပ် (၁၅၀၀၀) နူန်းဖြင့် ရောင်းချကာ တစ်နေ့လျှင် ပုံမှန်အားဖြင့် ပိဿ(၄၀)ခန့် ရောင်းချလျက်ရှိကြောင်း ထင်းရှူးဆီရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment