MNP ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလအတွင်း ပြည်သူများအထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်လာနိုင်သည့်အတွက် ဗြောက်အိုး၊ မီးရှူး၊ မီးပန်းနှင့် ဒုံး(ရှူးဒိုင်း)များ ပစ်လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းမပြုရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ်(၁/၂၀၂၃)ဖြင့် အောက်တိုဘာလ(၂၅) ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် ဗြောက်အိုး၊ မီးရှူး၊ မီးပန်းနှင့် ဒုံး(ရှူးဒိုင်း)များ ပစ်လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းမပြုလုပ်ရန်၊ ဗြောက်အိုး၊ မီးရှူး၊ မီးပန်းနှင့် ဒုံး(ရှူးဒိုင်း)များ လက်ဝယိမထားရှိရန်၊ ဗြောက်အိုး၊ မီးရှူး၊ မီးပန်းနှင့် ဒုံး(ရှူးဒိုင်း)များ ထုတ်လုပ်ခြင်း၊ လက်လီလက္ကားရောင်းချခြင်း၊ ဖြန့်ဖြူခြင်းများမပြုလုပ်ရန်နှင့် အဆိုပါတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ -၁၈၈အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအမိန့်သည် အောက်တိုဘာလ(၂၈)ရက် (သီတင်းကျွတ်လဆန်း(၁၄)ရက်)မှ နိုဝင်ဘာလ(၂၈) ရက်( တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်)နေ့အထိ အတည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment