လက်နက်များအပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်များအပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း









ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမတွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း ၄ ဦး အလင်းဝင်ရောက်လာခဲ့ပါတယ်။ သူတို့တွေဟာ ပြည်ပြေး ဝရမ်းပြေး တွေက ပေးအပ်ထားတဲ့ လက်နက်တွေကို အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသူများထဲမှာ ဧရာဝတီတိုင်းသားတွေကတော့ ကိုယ့်လုပ်ရပ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မှားတဲ့လမ်းကို စွန့်နိုင်တယ်။ အကြမ်းဖက်လှုပ်ရှားမှုမှာ အမှန်တရားမရှိဘူး။ ဓမ္မဆိုတာ မရှိဘူး။ လုပ်ကြံဖန်တီးပြောဆိုတာမျိုးပဲ ရလိမ့်မယ်။ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်သူဟာ အဓမ္မဝါဒီ၊ အကြမ်းဖက်သမားပဲ ဖြစ်ပါတယ်။

နိုင်ငံတော်က လက်နက်များအပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်မယ်ဆိုရင် လက်နက်အမျိုးအစားပေါ်မူတည်ပြီး ဆုငွေများ ချီးမြှင့်ပေးနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိနေသော လူငယ်များအနေနဲ့ အတွေးမှန် အမြင်မှန်ဖို့သာ လိုပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ လုပ်ကြံဖန်တီး ပြောဆိုနေသလို တပ်မတော်ကသာ ရက်စက်ယုတ်မာနေတာဆိုရင် ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ချိတ်ဆက်လာတဲ့ ညီငယ်တွေကို လက်စဖျောက်လိုက်လို့ ရတာပေါ့။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ သူတို့ ရက်စက်ယုတ်မာသလို သူများကို ရိုးစွပ်ခြင်း ဖြစ်ပါတယ်။

အမျိုးသားရေးကို အလေးထားတဲ့ တပ်မတော်က ကိုယ့်နိုင်ငံသားတွေအပေါ်မှာ အဆုံးမဲ့ သည်းခံခွင့်လွှတ်မှုနဲ့ ဥပဒေဘောင်အတွင်း ရောက်အောင် ဆောင်ရွက်ပေးနေတာကို သိရှိနားလည်ကြပါ -


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)