အမ်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက် ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်း ဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက် ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်း ဆင်းပွဲ ကျင်းပ





MNP ၊ အောက်တိုဘာ  ၆

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့ နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည် နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့ နယ်မှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌အဆင့် မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အ မှတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အဆင့်မြင့်အိမ် တွင်းမှုစက်ချုပ်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


      အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင် တန်း အမှတ်စဉ်(၆) သင်တန်းတွင် စက် ချုပ်ဘာသာရပ်(၁၅)မျိုး၊ လက်မှုဘာ သာရပ် (၁၀)မျိုး၊ မုန့်လုပ်နည်းဘာသာ ရပ်၊ အချက်အပြုတ်ဘာသာရပ်များ၊တိုင်းချစ် ပြည်ချက်၊ မျိုးချစ်စိတ်အစဉ် ရှင်သန်ထက်မြတ်နေစေရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်သင်ခန်းစာ ဘာ သာရပ်၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေး၊ ကျန်းမာရေးအသိပညာပေး၊ သ ဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်း၊စာဖတ်ရှိန်မြှှင့်တင်ရေးစာဖတ် ဝိုင်းနှင့်လူငယ်အသိပညာပေးဟောပြောပွဲများ၊ နယ်စပ်ဒေသတွင် နေ ထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်ရွယ်ချက် (၅)ရပ်ဖြင့် တိုင်းရင်း သား/တိုင်းရင်းသူ များ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှုခိုင်မာစေရန် အလုပ်အကိုင် အခွင့်အ လမ်းများရှိစေရန် စသည့် အသိပညာ၊ အတတ်ပညာများကို သင်ကြားပို့ချပေးပြီး သင်တန်းတွင် လိုအပ်သည့်သင်တန်း သုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အ ဆောင်နေ သင်တန်းသူအဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွား အပြန် ခရီးစရိတ်များထောက်ပံ့ပေးလျှက်ရှိကြောင်းသိရသည်။


  အဆိုပါသင်တန်း ဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်က ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး ဗဟိုကော်မတီ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ လမ်းညွှန်ချက်အရ မြို့နယ်အ တွင်းရှိ အမျိုးသမီးငယ်များ အသက် မွေးဝမ်းကြောင်းအထောက် အကူပြု အိမ်တွင်းမှု အတတ်ပညာရရှိစေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးမှုရှိလာစေရန် လေ့ကျင့်ပြုစုပျိုး ထောင်ပေးရေး လုပ်ငန်းများကို အ ကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း ပညာ ရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်ကြားတတ် မြောက်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ကြရန်၊ အမျိုးသမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ် အကိုင် အခွင့်အလမ်းများဖန်တီပေးနိုင်ရေး၊ ဘဝရပ်တည်မှုခိုင်မာစေရေးအ တွက် သင်တန်းများဖွင့်လှစ်ပေးကြောင်းပြောကြားခဲ့သည်။ 


      ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုးက အ ဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင် တန်း အမှတ်စဉ်(၆) သင်တန်းအား သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး၂၀၂၃ ခုနှစ်မေလ ၈ ရက်နေ့မှ စတင်ဖွင့်လှစ်၍ သင် တန်းကာမှာရက်သတ္တပတ်(၁၈)ပတ် ဖြစ် ကြောင်း၊ဘာသာရပ်များသင်ကြားပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


     ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်က ထူးချွန်ဆု ရရှိသူ မမေလှိုင်ဖြိုး အား အပ်ချုပ်စက်တစ်လုံးပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှာက်မှုကြီးကြပ်ရေးအဖွဲ့​​ခေတ္တဥက္ကဌ က သင်တန်းသူများအား အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့ရာ သင်တန်းသူများကိုယ်စားသင်သင်တန်းသူတစ်ဦးက လက်ခံကာ ကျေး ဇူတင်စကားပြောကြားခဲ့သည်။ပြသထားရှိသည့်အသုံးအဆက်လက်၍ တက်ရောက်လာသူများကသင်တန်းသူများဆောင်ရွက်ထားသည့်ပစ္စည်းများပြခန်း၌  ဆောင်ပစ္စည်းများအားလေ့ လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)