MNP ၊ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း (၁)ရှိ အသုံးစရိတ်များ ကျခံသုံးစွဲခြင်းနှင့်စပ်လျဥ်းသည့်စည်းကမ်းချက်များ၊ ရုံးချုပ်၏ကြိုတင်ခွင့်ပြုချက်လိုသောအသုံးစရိတ်များ၊ အသုံးစရိတ်သုံးစွဲရန် အဓိကအချက်များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လစာငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ လစာပေးရန်အချိန်စေ့ရောက်သောနေ့နှင့် နောက်ဆုံးထုတ်လစာလက်မှတ်(L.P.C) အစရှိသည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ငွေစာရင်းထိန်းသိမ်းနည်းအားသိရှိစေရန်နှင့် ကျွမ်းကျင်မှုရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment