ပန်းတောင်းမြို့နယ်တွင် မိုးစပါးသီးနှံစံကွက်ရိတ်သိမ်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် မိုးစပါးသီးနှံစံကွက်ရိတ်သိမ်းပွဲ ကျင်းပ



MNP ၊ အောက်တိုဘာ  ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သရက်လိန်အုပ်စု၊ သူရဲဇီးကျေးရွာတောင်သူ ဒေါ်ဝင်းဝင်းရွှေ၏ ကွင်းအမှတ် (၈၃) သူရဲဇကွင်း ဦးပိုင် (၁၈၆) ထိုင်းနှံကောက် မိုးစပါးမျိုးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ဒေသခံတောင်သူများ စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် တောင်သူပညာပေး ​မိုးစပါးသီးနှံစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် ​မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးလင်းလင်းထွန်းနှင့် ဝန်ထမ်းများက ဒေသခံ တောင်သူများနှင့်အတူ သူရဲဇီးကျေးရွာ၊ တောင်သူ ဒေါ်ဝင်းဝင်းရွှေ၏ ထိုင်းနှံကောက်မိုးစပါးစိုက်ခင်း (၂၉)ဧကအား စံကွက်ရိတ်သိမ်းရာ တစ်ဧကပျမ်းမျှစပါး ၁၀၀.၁၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


လပြည့်လင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)