ရသေ့တောင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ




MNP ၊ အောက်တိုဘာ  ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်သောသက်မွေဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်း (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ် လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက် မှ ခေတ်စနစ် များတိုးတက်လာသည်ဖြစ်သည့်အတွက်ကြောင့် ဆန်းသစ်တီထွင်နိုင်ရန် ကြိုးစားလိုကြောင်း ယခုလို အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းဝင်ငွေတိုးတက်မှုမှသည်မိသားစုဝင်ငွေတိုးတက်လာပြီးစားဝတ်နေရေးပြေလည်မှုရရှိ ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လည်ခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်းဖြင့်သာယာဝပြောသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။


ဆက်လက်၍ သင်တန်းတွင်ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား မြို့နယ်ကျေးလက်ဦးစီးမှူးက ပေးခဲ့သည်။ သင်တန်းသား များကိုယ်စားသင်တန်းသူတစ်ဦးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်းသင်တန်းအား သင်တန်းသား (၂၀) ဦး ဖြင့် စက်တင်ဘာလ ၄ ရက်နေ့မှ ၂၄ ရက်‌နေ့အထိရက် (၂၀) အကြာဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)