မြောက်ဦးမြို့ ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေ



MNP ၊ အောက်တိုဘာ  ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို တောင်ရပ်ရပ်ကွက် နှင့် ကုန်သည်တန်းရပ်ကွက် တို့တွင် ဈေးရောင်းချသူပြည်သူများ၊ ခရီးသွားပြည်သူများအား  ယနေ့ နံနက် ၁၀ နာရီကအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။


ထိုသို့  လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက ဒီရေတော ထိန်းသိမ်းကာကွယ်စိုက်ပျိုးရေး၊ ဒီရေတောကြောင့် ရရှိသောအကျိုးကျေးဇူး၊ လူသား မျိုးနွယ်စုသို့ ဆင့်ကဲထိခိုက်နိုင်ခြင်းမှသည် ဆိုးရွားစွာသော ကျန်းမာရေးထိခိုက်မှုများဆီသို့ ဦးတည်ခြင်း၊ ပလက်စတစ်အပါအဝင် စွန့်ပစ်အမှိုက်များ ဆွေးမြေပျက်စီးရန် ကြာမြင့်နိုင်သည့် သက်တမ်းများ၊ လူတိုင်းတတ်နိုင်တဲ့နည်းလမ်း (၅) သွယ်၊ မြို့ ပြဧရိယာများမှ ပလက်စတစ် စွန့် ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလစ်စတစ်ပစ္စည်းများကြောင့် ထိခိုက်နိုင်မှု၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်း များအား ပင်လယ်သက်ရှိများမှ အစာအဖြစ် လွဲမှားစွာ စားသုံးမှုကြောင့် သက်ရောက်နိုင်မှုများ စသော လက်ကမ်းစာစောင်တွင် ပါရှိသည့်အကြောင်းအရာများကို ဈေးရောင်းချသူပြည်သူများ သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)